Monnect MM

ဒီ‌နေ့မှာတော့ ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ တွေ့ရတဲ့ 7-eleven က ဘာကြောင့် Convience Store Industry မှာ နေရာယူထားနိုင်သလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

7-Eleven ကို 1927 ခုနှစ်က Tote’m ဆိုတဲ့ နာမည်နဲ့ အမေရိကန်နိုင်ငံမှာ စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ နံနက် 7 နာရီကနေ ည 11 နာရီအထိ ဖွင့်လှစ်တာကို လူတွေစွဲထင်မှတ်မိစေအောင် 7-Eleven လို့ အမည်ပြောင်းခဲ့ရာကနေ စတင်ကျော်ကြားလာခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာ 7-Eleven ဆိုင်ခွဲအများဆုံး ဖွင့်လှစ်ထားပြီး ကမ္ဘာတဝှမ်း နိုင်ငံပေါင်း (၁၉) နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၈၄၅၀၀ ကျော် ဖွင့်လှစ်ရောင်းချနေပါတယ်။

7-eleven မှာဆိုရင် ရွေးချယ်စရာအမျိုးအစားစုံလင်တဲ့ Drinks တွေနဲ့ အရသာရှိတဲ့ Nachos, Snacks, Sandwich, Rice box စတာတွေကိုလည်း ဝယ်ယူသုံးဆောင်နိုင်ပါတယ်။

လူ‌တွေရဲ့နှုတ်ဖျားမှာ 7-Eleven ဆိုတဲ့နာမည်ကို တသွင်သွင်ကြားအောင် ဆွဲဆောင်ထားနိုင်တဲ့အချက်တွေကတော့

  • တိုးတက်လာတဲ့ခေတ်နဲ့ ပြောင်းလဲလာတဲ့ မြို့ပြနေထိုင်မှုစနစ်‌ပေါ်မူတည်ပြီး မျက်‌ခြေမပျက် စောင့်ကြည့်ရောင်းချနိုင်ခြင်း
  • တစ်နေရာထဲမှာ အစားအသောက်၊ဆေးဝါး၊ လူသုံးကုန်နဲ့ လျှပ်စစ်ပစ္စည်းအသေးစားတွေအပြင် ဘေလ်ပေးဝန်ဆောင်မှုမျိုးစုံပါ One Stop ရရှိနိုင်တာကြောင့် ဘာပဲလိုလို စဉ်းစားစရာမလိုဘဲ အချိန်ကုန်လူပင်ပန်းသက်သာခြင်း
  • Target Customer ဖြစ်တဲ့ ရုံးသမား၊ ကျောင်းသမားများနဲ့ လူငယ်တွေအတွက် ဆိုင်ဖွင့်ချိန်ပိတ်ချိန်ကို စီစဉ်ပေးထားပြီး အချိန်မပေးနိုင်တဲ့သူတွေအတွက် Instant Foods တွေကို အရသာရှိရှိသုံးဆောင်နိုင်အောင် ခင်းကျင်းပြင်ဆင်ပေးတာကြောင့် လွယ်ကူအဆင်ပြေခြင်း
  • Suppliers နဲ့ စားသောက်ကုန်လုပ်ငန်းတွေအတွက် 7-Eleven ရဲ့ Big Buying Power နဲ့ High Turnover ဖြုန်းအား‌ကြောင့် ဈေးကွက်အလျင်အမြန်ထိုးဖောက်နိုင်ပြီး စရိတ်စက သက်သက်သာသာဖြင့် ကုန်ပစ္စည်းများကို ရောင်းချဖြန့်ချိနိုင်ခြင်း
  • စားသုံးသူ (Consumer) တွေအတွက်လည်း ရွေးချယ်စရာစုံလင်ပေါများပြီး နီးစပ်ရာမှာ အလွယ်တကူဝယ်ယူရရှိနိုင်ခြင်း၊ ဈေးနှုန်းချိုသာခြင်း စတာတွေပဲဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ 7-Eleven ရဲ့ အောင်မြင်မှု‌အဓိကအချက်ကတော့ စားသုံးသူအလေ့အထ (Customer Behaviour) ကို မျက်ခြေမပြတ်လေ့လာပြီး သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို လိုက်လျောညီထွေဖြစ်အောင် ဖြည့်ဆည်း‌ပေးနိုင်တာကြောင့် Customer Satisfaction ကို အပြည့်အဝရယူထားနိုင်တာ‌ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ နှစ်ပေါင်း ၉၇ နှစ်ကြာတဲ့အထိ Supermarket တွေ၊ Local Convenience store နဲ့ သမားရိုးကျဈေးဆိုင်တွေထက် 7-Eleven ကို လူတွေ ရွေးချယ်မြဲရွေးချယ်နေကြတာလို့ ဆိုနိုင်ပါတယ်။

#MonnectGroup #Monnect #7eleven #branding #brandpositioning #customerbehavior #ConsumerTarget #Collaborations

Leave a Reply

Your email address will not be published. Required fields are marked *