𝐖𝐚𝐥𝐦𝐚𝐫𝐭(ဝေါလ်မတ်) လို့ ဆိုလိုက်ရင် ကမ္ဘာ့အကြီးဆုံးနဲ့ အအောင်မြင်ဆုံး ကုမ္ပဏီကြီးတစ်ခုလို့ စီးပွားရေးနယ်ပယ်က လူတွေက တန်းမြင်ယောင်မိကြမှာပါ။ အမေရိကန်နိုင်ငံမှာ မသိသူမရှိတဲ့ လက်လီအရောင်းဆိုင်လုပ်ငန်းစုကြီးဖြစ်တဲ့ Walmart က နိုင်ငံတကာ လက်လီရောင်းချရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး ဟိုက်ပါမတ်ကက်တွေ၊ ဒီပတ်မန့် စတိုးတွေနဲ့ ကုန်စုံဆိုင်များစွာကို ဆိုင်ခွဲပေါင်းများစွာဖြင့် လည်ပတ်လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။
𝐖𝐚𝐥𝐦𝐚𝐫𝐭 ကုမ္ပဏီကို အမေရိကန်နိုင်ငံသား 𝐒𝐚𝐦𝐮𝐞𝐥 𝐌𝐨𝐨𝐫𝐞 𝐖𝐚𝐥𝐭𝐨𝐧 (March 29, 1918 – April 5, 1992) မှ ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၆၉ ခုနှစ် အောက်တိုဘာ ၃၁ ခုနှစ်မှာ ကုမ္ပဏီ အဖြစ် ဖွဲစည်းထူထောင်ခဲ့ပါတယ်။ ပြိုင်ဖက်ကုမ္ပဏီဖြစ်တဲ့ 𝐀𝐦𝐚𝐳𝐨𝐧 ဟာ မတူညီတဲ့ ချဉ်းကပ်မှုပူံစံတွေနဲ့ တဟုန်ထိုးအောင်မြင်မှုတွေ ရရှိလာပေမယ့်လည်း ပထမနေရာကိုတော့ လက်ရှိ Walmart ကပဲ ဦးဆောင်နေရာယူထားဆဲ ဖြစ်ပါတယ်။
𝐖𝐚𝐥𝐦𝐚𝐫𝐭 ဟာ 2000-2010 နှစ်တွေအတွင်းမှာ ပြည်ပနိုင်ငံအတော်များများဆီကို နေရာယူဖြန့်ကျက်ထားနိုင်ခဲ့ပြီး ဂျပန်၊ အိန္ဒိယ၊ တောင်အာဖရိက၊ အာဂျင်တီးနား၊ ချီလီ၊ ဘရာဇီး နဲ့ ကနေဒါစတဲ့ နိုင်ငံတွေမှာ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာလည်း ဆိုင်ပေါင်း ၃၆၅ ဆိုင်ဝန်းကျင် ဖွင့်လှစ်ထားပြီး လက်လီအရောင်းဆိုင် ၃၂၂ ဆိုင်နဲ့ လက်ကားအရောင်းဆိုင် ၄၃ ဆိုင်ခန့် ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
𝐖𝐚𝐥𝐦𝐚𝐫𝐭 ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ် 𝐅𝐨𝐫𝐛𝐞𝐬 မဂ္ဂဇင်းရဲ့ နိုင်ငံတကာ အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းအနက် ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၈၀ ဘီလီယံဖြင့် ကမ္ဘာပေါ်တွင် ဝင်ငွေအများဆုံးကုမ္ပဏီဖြစ်သလို ဝန်ထမ်းအင်အားအနေနဲ့လည်း ဝန်ထမ်းပေါင်း ၂.၃ သန်းဖြင့် ကမ္ဘာ့ဝန်ထမ်းဦးရေအများဆုံးခန့်ထားနိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
#Walmart #Retail #Wholesale #Monnect #MonnectGroup #Merchandise #Mart #Marketing #KnowledgeSharing
