Monnect MM

𝐌𝐜𝐃𝐨𝐧𝐚𝐥𝐝’𝐬 ကို ပြန်လည်ရှင်သန်စေခဲ့တဲ့ “𝐈’𝐦 𝐋𝐨𝐯𝐢𝐧𝐠 𝐈𝐭”

2000ခုနှစ် အစောပိုင်းကာလတွေမှာ 𝐌𝐜𝐃𝐨𝐧𝐚𝐥𝐝’𝐬 ရဲ့ အရောင်းကျဆင်းမှုက ကုမ္ပဏီစတော့စျေးနှုန်းကို (၇) နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းရောက်ရှိသွားစေခဲ့ပါတယ်။ ကုမ္ပဏီရဲ့ တာဝန်ရှိအကြီးအကဲတွေက McDonald’s ရဲ့ ပုံရိပ်ကို ပြန်လည်အားဖြည့်ဖို့နဲ့ စားသုံးသူတွေကို ပြန်လည်ချိတ်ဆက်ဖို့ ဆန်းသစ်ပြီး ခေတ်မီတဲ့ ကြေညာကမ်ပိန်းတစ်ခု လိုအပ်လာတာကို နားလည်သဘောပေါက်လာကြပါတယ်။ ဒါကြောင့် 𝐌𝐜𝐃𝐨𝐧𝐚𝐥𝐝’𝐬 ရဲ့ မားကတ်တင်းကမ်ပိန်းအသစ်ကို စတင်ဖို့ ကမ္ဘာတစ်ဝန်းက ကြော်ငြာအေဂျင်စီတွေကို စိန်ခေါ်ခဲ့ပါတယ်။ ဂျာမန်ကြော်ငြာအေဂျင်စီတစ်ခုက “𝐈𝐜𝐡 𝐋𝐢𝐞𝐛𝐞 𝐄𝐬” အင်္ဂလိပ်လိုဘာသာပြန်လျှင် “𝐈’𝐦 𝐋𝐨𝐯𝐢𝐧𝐠 𝐈𝐭” အဓိပ္ပါယ်ရတဲ့ ဆောင်ပုဒ်နဲ့ ပါဝင်ထွက်ပေါ်လာခဲ့ပါတယ်။ ဆောင်ပုဒ်ကနေ တေးသီချင်းအဖြစ်ပြောင်းလဲဖို့အတွက် ထိုအေဂျင်စီက Mona Davids တေးထုတ်လုပ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပါတယ်။ အတော်ကြာတဲ့ဆွေးနွေးမှုတွေအပြီးမှာ အခုချိန်ထိနာမည်ရှိနေတဲ့ နုတ် ငါးခုဖြစ်တဲ့ “𝐛𝐚-𝐝𝐚-𝐛𝐚-𝐁𝐀-𝐁𝐀𝐀𝐀” ဟာ […]

7-eleven ဘာကြောင့် လူကြိုက်များလာခဲ့သလဲ

ဒီ‌နေ့မှာတော့ ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ တွေ့ရတဲ့ 7-eleven က ဘာကြောင့် Convience Store Industry မှာ နေရာယူထားနိုင်သလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 7-Eleven ကို 1927 ခုနှစ်က Tote’m ဆိုတဲ့ နာမည်နဲ့ အမေရိကန်နိုင်ငံမှာ စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ နံနက် 7 နာရီကနေ ည 11 နာရီအထိ ဖွင့်လှစ်တာကို လူတွေစွဲထင်မှတ်မိစေအောင် 7-Eleven လို့ အမည်ပြောင်းခဲ့ရာကနေ စတင်ကျော်ကြားလာခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာ 7-Eleven ဆိုင်ခွဲအများဆုံး ဖွင့်လှစ်ထားပြီး ကမ္ဘာတဝှမ်း နိုင်ငံပေါင်း (၁၉) နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၈၄၅၀၀ ကျော် ဖွင့်လှစ်ရောင်းချနေပါတယ်။ 7-eleven မှာဆိုရင် ရွေးချယ်စရာအမျိုးအစားစုံလင်တဲ့ Drinks တွေနဲ့ အရသာရှိတဲ့ […]

Coca Cola ရဲ့ ကမ္ဘာတလွှမ်း နာမည်ကြီးခဲ့တဲ့ မားကတ်တင်းကမ်ပိန်းများ

Marketing ဗျူဟာမှာ သင်ယူစရာတွေများပြားလှတဲ့ သမိုင်းဝင်ကုမ္ပဏီတစ်ခုကိုပြပါဆိုရင် Coca-Cola ဟာ ထိပ်ဆုံးကရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခုဆိုတာ အားလုံးလက်ခံရမှာပါ။ ၁၈၈၆ ခုနှစ်မှာ Drink Coca-Cola campaign ကိုစတင်လုပ်ဆောင်ခဲ့ပြီး လူတိုင်းက သတိပြုမိအောင်လုပ်ဆောင်နိုင်ခဲ့တဲ့ Coca-Cola မှာ နောက်ထပ်လည်း ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်ခဲတဲ့ သမိုင်းဝင် မားကတ်တင်းဗျူဟာတွေရှိခဲ့ပါသေးတယ်။ ထိုအထဲကမှ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ နည်းဗျူုဟာသုံးခုကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ “𝐒𝐡𝐚𝐫𝐞 𝐀 𝐂𝐨𝐤𝐞” 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 “Share a Coke” campaign ဟာ 2011ခုနှစ်မှာ ဩစတေးလျနိုင်ငံမှ စတင်ခဲ့တာဖြစ်ပြီးတော့ Coca-Cola ပုလင်းများအပေါ်မှာ ဝယ်ယူသူစိတ်ကြိုက်နာမည်များထိုးထွင်းပေးခြင်းဖြင့် ကမ်ပိန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ ကမ်ပိန်းမှာ ဖော်ပြထားတာကတော့ ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ချစ်သူ၊ မိသားစုတွေနဲ့ အတူတကွမျှဝေဖို့ ဖြစ်ပြီးတော့ အချိန်ကောင်းတွေကို အတူတကွကျော်ဖြတ်ကြဖို့ ရည်ရွယ်ရင်းစတင်ခဲ့တာဖြစ်ပါတယ်။ […]

အအောင်မြင်ဆုံး လက်လီအရောင်းဆိုင် လုပ်ငန်းစုကြီးဖြစ်တဲ့ Walmart

𝐖𝐚𝐥𝐦𝐚𝐫𝐭(ဝေါလ်မတ်) လို့ ဆိုလိုက်ရင် ကမ္ဘာ့အကြီးဆုံးနဲ့ အအောင်မြင်ဆုံး ကုမ္ပဏီကြီးတစ်ခုလို့ စီးပွားရေးနယ်ပယ်က လူတွေက တန်းမြင်ယောင်မိကြမှာပါ။ အမေရိကန်နိုင်ငံမှာ မသိသူမရှိတဲ့ လက်လီအရောင်းဆိုင်လုပ်ငန်းစုကြီးဖြစ်တဲ့ Walmart က နိုင်ငံတကာ လက်လီရောင်းချရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး ဟိုက်ပါမတ်ကက်တွေ၊ ဒီပတ်မန့် စတိုးတွေနဲ့ ကုန်စုံဆိုင်များစွာကို ဆိုင်ခွဲပေါင်းများစွာဖြင့် လည်ပတ်လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ 𝐖𝐚𝐥𝐦𝐚𝐫𝐭 ဟာ 2000-2010 နှစ်တွေအတွင်းမှာ ပြည်ပနိုင်ငံအတော်များများဆီကို နေရာယူဖြန့်ကျက်ထားနိုင်ခဲ့ပြီး ဂျပန်၊ အိန္ဒိယ၊ တောင်အာဖရိက၊ အာဂျင်တီးနား၊ ချီလီ၊ ဘရာဇီး နဲ့ ကနေဒါစတဲ့ နိုင်ငံတွေမှာ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာလည်း ဆိုင်ပေါင်း ၃၆၅ ဆိုင်ဝန်းကျင် ဖွင့်လှစ်ထားပြီး လက်လီအရောင်းဆိုင် ၃၂၂ ဆိုင်နဲ့ လက်ကားအရောင်းဆိုင် ၄၃ ဆိုင်ခန့် ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ 𝐖𝐚𝐥𝐦𝐚𝐫𝐭 ကုမ္ပဏီဟာ […]

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝟓.𝟎 ဆိုတာဘာလဲ?

Marketing 5.0 ဆိုတာကတော့ Marketing 4.0 ရဲ့ Offline ကနေ Online Marketing အနေနဲ့ ဒီဂျစ်တယ်စနစ်ကို အသွင်ကူးပြောင်းလာပြီးနောက် ပေါ်ပေါက်လာတဲ့ ခေတ်ပဲဖြစ်ပါတယ်။ Marketing 5.0 မှာတော့ Customer တွေကို ကိုယ်ပေးနိုင်တဲ့ Value တန်ဖိုးတစ်ခုကို နည်းပညာအကူအညီတွေ သတင်းအချက်အလက်တွေနဲ့အတူ မြန်မြန်ဆန်ဆန် ကိုက်ညီအောင် တိုးမြှင့်ဖန်တီးခြင်း၊ ဆက်သွယ်ချဉ်းကပ်ခြင်းနဲ့ ပို့ဆောင်ပေးခြင်းတွေ ပါဝင်လာပါတယ်။ ဒီနေရာမှာ Philip Kotler၊ Hermawan Kartajava၊ Iwan Setiawan တို့က Marketing 5.0 မှာ ပါဝင်ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းငါးခုကို အခုလိုခွဲပြထားပါတယ်။ 𝐃𝐚𝐭𝐚-𝐃𝐫𝐢𝐯𝐞𝐧 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဒေတာအချက်အလက်တွေကို ရရှိနိုင်တဲ့ သတင်းအရင်းအမြစ်မျိုးစုံကနေ စုဆောင်းရယူပြီး ခွဲခြမ်းစိတ်ဖြာကာ စျေးကွက်ရှာဖွေရေးကို ပိုမိုပြည့်စုံကောင်းမွန်အောင် လုပ်ဆောင်ခြင်း။ […]

အလုပ်မှာ ပျော်ရွှင်တက်ကြွစေမယ့် နည်းလမ်းများ

ဒီနေ့မှာတော့ အားလုံးအတွက် လုပ်ငန်းခွင်မှာ ပျော်ရွှင်တက်ကြွစေမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ အလုပ်ခွင်ဆိုတာ တစ်နေ့တာရဲ့ သုံးပုံတစ်ပုံထက်မနည်း ကုန်ဆုံးရတဲ့နေရာလေးဖြစ်တာမို့ ဒုတိယမိသားစုလို့တောင် ပြောကြပါတယ်။ ဒီလို ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းခွင်အချိန်လေးကို ပျော်ရွှင်စွာဖြတ်သန်းဖို့အတွက် လိုအပ်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ (၁) ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ ကိုယ့်ရဲ့ အိပ်ချိန်၊ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ဒါမှသာ စိတ်သွားတိုင်းကိုယ်ပါပြီး လန်းဆန်းတက်ကြွကာ အာရုံစူးစိုက်မှုကောင်းမွန်ပြီး အလုပ်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ (၂) ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ပါ။ ဝါသနာပါတဲ့ အလုပ်က ကိုယ့်ကို ခွန်အားတွေ၊ မျှော်လင့်ချက်တွေ ပေးစွမ်းပါတယ်။ မိမိဝါသနာပါတဲ့အတွက် အလုပ်မှာ အခက်အခဲတွေ၊ အတားအဆီးတွေ ရှိနေရင်တောင် အလုပ်လုပ်နေတယ်လို့ မခံစားရဘဲ ပျော်ရွှင်တက်ကြွစွာနဲ့ လုပ်ကိုင်နိုင်မှာပါ။ (၃) မိမိလုပ်နေတဲ့အလုပ်ကို […]

𝐇𝐨𝐰 𝐭𝐨 𝐢𝐦𝐩𝐫𝐨𝐯𝐞 𝐲𝐨𝐮𝐫 𝐜𝐚𝐫𝐞𝐞𝐫 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭

အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းလမ်းကြောင်းပေါ်ကို ရောက်ရှိဖို့ဆိုတာ နေ့ချင်းညချင်းဖြစ်နိုင်တဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို တိုးတက်စေဖို့ အချိန်ပေးဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ 𝐂𝐚𝐫𝐞𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 လို့အများသိကြတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို တိုးတက်စေခြင်းမှာ မိမိကိုယ်ကိုအကဲဖြတ်ခြင်း၊ ကျွမ်းကျင်မှုကို မြှင့်တင်ခြင်းနှင့် ပန်းတိုင်သတ်မှတ်ခြင်းဆိုတဲ့ အပိုင်းသုံးပိုင်းပါဝင်ပါတယ်။ မိမိကိုယ်ကို အကဲဖြတ်ခြင်း မိမိရဲ့ စိတ်ဝင်စားမှုများ၊ ကျွမ်းကျင်မှုများနဲ့ မိမိလိုချင်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို တိတိကျကျသိရှိထားခြင်းဟာ သင့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လမ်းညွှန်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကျွမ်းကျင်မှုမြှင့်တင်ခြင်း မိမိရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ရန် သက်ဆိုင်သောသင်တန်းများကို တက်ရောက်ခြင်း၊ workshopများ တက်ရောက်ခြင်း၊ အွန်လိုင်းပလက်ဖောင်းများမှတဆင့် လေ့လာခြင်းများကလည်း သင့်ရဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် တိုးတက်ကောင်းမွန်လာစေမယ့် ရင်းနှီးမြှုပ်နှံမှုများဖြစ်တာကြောင့် ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ ပန်းတိုင်သတ်မှတ်ခြင်း (𝐒𝐌𝐀𝐑𝐓) လို့ခေါ်တဲ့ 𝐒et Specific, 𝐌easurable, 𝐀chievable, 𝐑elevant, and 𝐓ime-bound […]

Monnect is Hiring

Monnect Group Co., Ltd ရဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ဝင်ရောက်ကြည့်ရှုလိုက်ပါ။ For Apr 2024 Monnect Group က ၂၀၁၄ ခုနှစ်မှ စတင်ကာ Media Production လုပ်ငန်းတွေကို အားမာန်အပြည့်နဲ့လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပြည်တွင်း Multimedia Company တစ်ခုပဲဖြစ်ပါတယ်။ အထက်ဖော်ပြပါ Position များက မိမိနဲ့ ကိုက်ညီလို့စိတ်ဝင်စားတယ်ဆိုရင်တော့ Email မှ တစ်ဆင့် hr@monnectgroup.com.mm သို့ CV Form များ ပေးပို့ကာ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်ရှင်။ Office hour – Mon – Fri (9-5), Sat (9-12.30) Off day – Sat (half), Sun , […]