Monnect MM

Marketing ဗျူဟာမှာ သင်ယူစရာတွေများပြားလှတဲ့ သမိုင်းဝင်ကုမ္ပဏီတစ်ခုကိုပြပါဆိုရင် Coca-Cola ဟာ ထိပ်ဆုံးကရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခုဆိုတာ အားလုံးလက်ခံရမှာပါ။ ၁၈၈၆ ခုနှစ်မှာ Drink Coca-Cola campaign ကိုစတင်လုပ်ဆောင်ခဲ့ပြီး လူတိုင်းက သတိပြုမိအောင်လုပ်ဆောင်နိုင်ခဲ့တဲ့ Coca-Cola မှာ နောက်ထပ်လည်း ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်ခဲတဲ့ သမိုင်းဝင် မားကတ်တင်းဗျူဟာတွေရှိခဲ့ပါသေးတယ်။ ထိုအထဲကမှ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ နည်းဗျူုဟာသုံးခုကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

“𝐒𝐡𝐚𝐫𝐞 𝐀 𝐂𝐨𝐤𝐞” 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧

“Share a Coke” campaign ဟာ 2011ခုနှစ်မှာ ဩစတေးလျနိုင်ငံမှ စတင်ခဲ့တာဖြစ်ပြီးတော့ Coca-Cola ပုလင်းများအပေါ်မှာ ဝယ်ယူသူစိတ်ကြိုက်နာမည်များထိုးထွင်းပေးခြင်းဖြင့် ကမ်ပိန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ ကမ်ပိန်းမှာ ဖော်ပြထားတာကတော့ ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ချစ်သူ၊ မိသားစုတွေနဲ့ အတူတကွမျှဝေဖို့ ဖြစ်ပြီးတော့ အချိန်ကောင်းတွေကို အတူတကွကျော်ဖြတ်ကြဖို့ ရည်ရွယ်ရင်းစတင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီကမ်ပိန်းဟာ ကမ္ဘာအနှံ့မှာအောင်မြင်ခဲ့ပြီးတော့ အကျိုးအမြတ်များစွာလည်းရရှိခဲ့ပါတယ်။

𝐓𝐡𝐞 ”𝐖𝐨𝐫𝐥𝐝’𝐬 𝐂𝐮𝐩” 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧

ဒီကမ်ပိန်းကိုတော့ ၂၀၁၄ ကမ္ဘာ့ဖလား ရဲ့ Main Sponser အဖြစ်လုပ်ဆောင်ရင်းစတင်ခဲ့ပြီး ထိုအချိန်က ကမ္ဘာ့ဖလားဟာ လူစိတ်ဝင်စားမှုမြင့်တက်လျှက်ရှိတာကြောင့် Coca-Cola ရဲ့နာမည်ကလည်း ကမ္ဘာတစ်လွှားမှာ ထင်ရှားခဲ့ပါတယ်။ ထိုကမ်ပိန်းမှာလည်း Coca-Cola သံဘူးများအပေါ်မှာ ကမ္ဘာ့ဖလားနဲ့သက်ဆိုင်တဲ့ ရုပ်ပုံများထည့်သွင်းကာ ရောင်းချပြီး အကျိုးအမြတ်များစွာရရှိခဲ့ရုံသာမက ”Don’t just tell a story, be a story” ဆိုတဲ့ ဆောင်ပုဒ်လည်း ထွက်ပေါ်လာခဲ့ပါတယ်

𝐓𝐡𝐞 “𝐀𝐥𝐰𝐚𝐲𝐬 𝐂𝐨𝐜𝐚-𝐂𝐨𝐥𝐚” 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧

1993 ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ဒီကမ်ပိန်းကတော့ Animation အသုံးပြုကာ ဝင်ရိုးစွန်းမှာရှိတဲ့ ပိုလာဝက်ဝံတွေနဲ့ ကမ္ဘာကျော်ဥတ္တရအလင်းတန်းလို့ သိကြတဲ့ Northern light ကိုထည့်သွင်းရိုက်ကူးခဲ့တာကြောင့် ထိုအချိန်က ကမ္ဘာတစ်ဝှမ်းမှာအအောင်မြင်ဆုံး ကြော်ညာကမ်ပိန်းတစ်ခုဖြစ်ခဲ့ပါတယ်။

#Monnect #monnectgroup #MarketingCampaign #CocaCola #ShareACoke

Leave a Reply

Your email address will not be published. Required fields are marked *