Monnect MM

Coca Cola ရဲ့ ကမ္ဘာတလွှမ်း နာမည်ကြီးခဲ့တဲ့ မားကတ်တင်းကမ်ပိန်းများ

Marketing ဗျူဟာမှာ သင်ယူစရာတွေများပြားလှတဲ့ သမိုင်းဝင်ကုမ္ပဏီတစ်ခုကိုပြပါဆိုရင် Coca-Cola ဟာ ထိပ်ဆုံးကရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခုဆိုတာ အားလုံးလက်ခံရမှာပါ။ ၁၈၈၆ ခုနှစ်မှာ Drink Coca-Cola campaign ကိုစတင်လုပ်ဆောင်ခဲ့ပြီး လူတိုင်းက သတိပြုမိအောင်လုပ်ဆောင်နိုင်ခဲ့တဲ့ Coca-Cola မှာ နောက်ထပ်လည်း ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်ခဲတဲ့ သမိုင်းဝင် မားကတ်တင်းဗျူဟာတွေရှိခဲ့ပါသေးတယ်။ ထိုအထဲကမှ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ နည်းဗျူုဟာသုံးခုကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ “𝐒𝐡𝐚𝐫𝐞 𝐀 𝐂𝐨𝐤𝐞” 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 “Share a Coke” campaign ဟာ 2011ခုနှစ်မှာ ဩစတေးလျနိုင်ငံမှ စတင်ခဲ့တာဖြစ်ပြီးတော့ Coca-Cola ပုလင်းများအပေါ်မှာ ဝယ်ယူသူစိတ်ကြိုက်နာမည်များထိုးထွင်းပေးခြင်းဖြင့် ကမ်ပိန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ ကမ်ပိန်းမှာ ဖော်ပြထားတာကတော့ ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ချစ်သူ၊ မိသားစုတွေနဲ့ အတူတကွမျှဝေဖို့ ဖြစ်ပြီးတော့ အချိန်ကောင်းတွေကို အတူတကွကျော်ဖြတ်ကြဖို့ ရည်ရွယ်ရင်းစတင်ခဲ့တာဖြစ်ပါတယ်။ […]