အလုပ်မှာ ပျော်ရွှင်တက်ကြွစေမယ့် နည်းလမ်းများ
ဒီနေ့မှာတော့ အားလုံးအတွက် လုပ်ငန်းခွင်မှာ ပျော်ရွှင်တက်ကြွစေမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ အလုပ်ခွင်ဆိုတာ တစ်နေ့တာရဲ့ သုံးပုံတစ်ပုံထက်မနည်း ကုန်ဆုံးရတဲ့နေရာလေးဖြစ်တာမို့ ဒုတိယမိသားစုလို့တောင် ပြောကြပါတယ်။ ဒီလို ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းခွင်အချိန်လေးကို ပျော်ရွှင်စွာဖြတ်သန်းဖို့အတွက် လိုအပ်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ (၁) ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ ကိုယ့်ရဲ့ အိပ်ချိန်၊ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ဒါမှသာ စိတ်သွားတိုင်းကိုယ်ပါပြီး လန်းဆန်းတက်ကြွကာ အာရုံစူးစိုက်မှုကောင်းမွန်ပြီး အလုပ်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ (၂) ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ပါ။ ဝါသနာပါတဲ့ အလုပ်က ကိုယ့်ကို ခွန်အားတွေ၊ မျှော်လင့်ချက်တွေ ပေးစွမ်းပါတယ်။ မိမိဝါသနာပါတဲ့အတွက် အလုပ်မှာ အခက်အခဲတွေ၊ အတားအဆီးတွေ ရှိနေရင်တောင် အလုပ်လုပ်နေတယ်လို့ မခံစားရဘဲ ပျော်ရွှင်တက်ကြွစွာနဲ့ လုပ်ကိုင်နိုင်မှာပါ။ (၃) မိမိလုပ်နေတဲ့အလုပ်ကို […]